skip to main
|
skip to sidebar
ဆောင်းကဗျာ
Home
Posts RSS
Comments RSS
Edit
Thursday, 16 September 2010
introducing myself
hi
Nice to meet u.
My name is moon.
I am a girl.
I live in yangon.
I want to be successful- businesswomen.
Wednesday, 15 September 2010
ပုံရိပ်လှုပ်ရှားမှုများကို ထိတွေ့ခံစားနိုင်မည့် ပထမဆုံး 3D တီဗီ
ဂျပန်နိုင်ငံမှ သုတေသီများသည် တီဗီမျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေသည့်ပုံရိပ်များကို ထိတွေ့ခံစားနိုင်မည့် ကမ္ဘာ့ပထမဆုံး 3D တီဗီစနစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ယခုနည်းပညာသစ်သည် user များကို 3D ပုံရိပ်များ၏လှုပ်ရှားမှု၊ ပေါက်ကွဲမှုနှင့် ဆန့်ထွက်မှု စသည်တို့ကို ခံစားသိရှိစေနိုင်မည်ဖြစ်သည်။ Motion detector ကင်မရာခြောက်ခုကို အသုံးပြုထားပြီး ကြည်ရှုသူများက ပုံရိပ်များကို ထိတွေ့လိုက်သည့်အခါတွင် ၎င်းတို့၏လက်ချောင်းများနှင့် အလွန်သေးငယ်သော clip များထိတွေ့ပြီး တုန်ခါမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ i3 Space အမည်ရှိ ယခုပစ္စည်းသစ်ကို ဂျပန်နိုင်ငံရှိ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (AIST) မှသိပ္ပံပညာရှင်များက တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ယခုစနစ်သည် user များ၏ အပြုအမူများကို မှတ်သားထားပြီး ထိတွေ့မှုအာရုံကို အသုံးပြုကာ ပြန်လည်တုံ့ပြန်ပေးခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏အဆိုအရ သိရသည်။ ကမ္ဘာမြေကြီး၏ 3D ပုံရိပ်ကို ရာဘာဘောလုံးတစ်လုံးကဲ့သို့ ဖိညှစ်ခြင်းနှင့် ဆွဲဆန့်ခြင်းတို့ကို မျက်နှာပြင်ကိုဖောက်ထွင်း၍ သရုပ်ပြခြင်းကို မကြာမီက ပြုလုပ်ပေးခဲ့သည်။ i3 Space ကို ခွဲစိတ်ကုဆရာဝန်များအတွက် မခွဲစိတ်မီလေ့ကျင့်နိုင်ရန် အသုံးပြုနိုင်ပြီး ဂိမ်းကစားရာတွင်လည်း ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ GyroCubeSensuous အသွင်အပြင်ကို အသုံးပြုထားပြီး တွန်းကန်ခြင်း၊ ဆွဲငင်ခြင်းနှင့် မျောပါခြင်းတို့ကို တုံ့ပြန်ခံစားနိုင်ရန်အတွက် gyroscopes စနစ်ကိုလည်း အသုံးပြုထားသည်။
Newer Posts »
Subscribe to:
Posts (Atom)
Blog Archive
▼
2010
(2)
▼
September
(2)
introducing myself
ပုံရိပ်လှုပ်ရှားမှုများကို ထိတွေ့ခံစားနိုင်မည့် ပထ...
pax
calendar
Free Blog Content
clock
About Me
moon
View my complete profile
My Blog List
boy like girl
RE:RE: Howzy
13 years ago
Dreaming
eiko
13 years ago
Meaning of life
File Your Income-tax return in 3 easy steps - myITreturn.com
14 years ago
Aaron
How do I get my dog to calm down in the car?
14 years ago
Followers
Powered by
Blogger
.
cbox